နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး အားလုံးပါဝင်ဆင်နွှဲပေး

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍပညာရည် မြင့်မားရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် ပညာသင်ယူရာ ကျောင်းများ၌ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာ မိမိတို့၏ သင်ခန်းစာများကို သင်ယူလေ့လာနိုင်ရေးအတွက် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးမှာ အထူးအရေးပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ၊ ကျောင်းသားများဖြစ်သည့် အသက်ငါးနှစ်မှ ကိုးနှစ်အရွယ်တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ခြင်ကျား လောက်လမ်းကင်းစင်ကျောင်းများ ထူထောင်ခြင်းကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်မှုနှင့် ရောဂါဖြစ် ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ခြင်နှိမ်နင်းရေးအတွက် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပိုးလောက်လမ်းနှိမ်နင်းရေးနှင့် ခြင်နှိမ်နင်းရေး၊ ခြင်မကိုက်အောင် ဝတ်စားဆင်ယင်နေထိုင်ရေး၊ ကျန်းမာရေးပညာပေးခြင်းစသည့် လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ ပူးပေါင်းဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး နေ့အခါတွင် လူကိုကိုက်လေ့ရှိသည့် ခြင်ကျား အကိုက်ခံရခြင်းမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများအလိုက်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်း၊ ကျောင်းပြင်ပရှိ အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စာသင်ခန်းများတွင် အလင်းရောင်လုံလောက်စွာ ရရှိရေး၊ ကျောင်းတွင်း၊ ကျောင်းပြင်ခြင်ဆေးမှုတ်ခြင်း၊ သောက် ရေလှောင်ကန်များတွင် ခြင်မပေါက်ပွားစေရန် ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို မိဘ၊ ဆရာများ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်သည်။

ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်ရာ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းများ ခြင်ကျားလောက်လမ်းကင်းစင်ရေးတွင် လူတိုင်း ပါဝင်ကြရေး တိုက်တွန်းနှိုးဆော်ရပေသည်။     ။






အခြားဆက်စပ်သတင်းများ