ကျောင်းနေအရွယ်ကလေးအတိုင်း ကျောင်းနေနိုင်ရေးရည်ရွယ် ကာ နိုင်ငံတော်ကကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစတင်ကာ မေလနောက်ဆုံးရက်သတ္တ ပတ်အား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင် ရွက်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မိဘပြည်သူ ကျောင်းသား၊ ကျောင်း သူများ၊ ဆရာ၊ ဆရာမများဖြင့် စည်ကားစွာတွေ့မြင်ခဲ့ရသည်။ နိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင်စတင် ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်အသီးသီးရှိ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ တက်ရောက်ပညာ သင်ကြား လျက်ရှိသည်။
ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာ ရှုမြင်ကြရန်လိုပြီး နိုင်ငံရေးအမှောင့်ပယောဂကြောင့် သားသမီးတို့ ပညာရေးဆုံးရှုံးမှုမဖြစ်စေရန် သတိပြုကြရမည် ဖြစ်သည်။
ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်း ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုနိုင်သည့် လိုအပ်ချက်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကောင်းမွန်သော ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် နှစ်စ ကတည်းက ပညာကို ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ ကျန်းမာ ရေးကောင်းမှ ပညာကို သင်ယူရယူနိုင်မည်ဖြစ်ရာ တစ်ကိုယ်ရေ ကျန်းမာရေးကောင်းမွန်ရန် ဂရုစိုက်ကြရမည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်၊ လူတော် လူကောင်းဖြစ်အောင် ဆရာ၊ ဆရာမများအားလုံးက ဝိုင်းဝန်း လက်တွဲ၍ ညီညီညွတ်ညွတ်ပြုစုပျိုးထောင်သင်ကြားပေးရန်နှင့် မည်သည့်ခွဲခြားမှုများမှမရှိဘဲ စေတနာအပြည့်ဖြင့် တတ်မြောက် အောင် သင်ကြားပေးရန် လိုသည်။
ဆရာ၊ ဆရာမများသည် မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ် ယဉ်ကျေးလိမ္မာရေး သင်ကြားပေးရန် လိုအပ်သကဲ့သို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ပညာရေးအခြေအနေကောင်းမွန် မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်၏ အမျိုးသားပညာရည်မှာ လည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ နိုင်ငံတော်ကစီမံဖန်တီးပေး ထားသည့် ပညာသင်ယူမှုအခွင့်အလမ်းများကို မလွတ်တမ်း ဆုပ်ကိုင်ရယူနိုင်ကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်ရပါ ကြောင်း။ ။