ဇွန် ၁
အင်္ဂလန်အသင်း ကွင်းလယ် ကစားသမား ဘယ်လင်ဟမ် သည် ၂၀၂၄ ယူရိုခြေစစ်ပွဲ အသင်းလူစာရင်းတွင် ရွေး ချယ်ခံထားရသော်လည်း ဒူး ဒဏ်ရာရရှိနေသည့်အတွက် လာမည့် ဇွန်လတွင်ကစားရမည့် ခြေစစ်ပွဲစဉ်များကို လွဲချော် နိုင်ကြောင်း သိရသည်။
ဘယ်လင်ဟမ်၏ ဒူးဒဏ် ရာမှာ အခြေအနေဆိုးရွားလာ သည့်အတွက် ခွဲစိတ်ကုသမှုခံ ယူရမည်ဖြစ်သောကြောင့် လာ မည့် ဇွန် ၁၆ ရက်တွင် ကစားရ မည့် မော်တာအသင်း ပွဲစဉ်နှင့် ဇွန် ၁၉ ရက်တွင် ကစားရမည့် မြောက်မက်ဆီဒိုးနီးယားအသင်း ပွဲစဉ်တို့ကို လွဲချော်မည်ဖြစ် သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့ သည့် နှစ်လခန့်ကတည်းက ဒူးဒဏ်ရာပြဿနာ ရှိနေသော် လည်း ဒေါ့မွန်အသင်း အတွက် ပါဝင် ကစားပေးနေခဲ့ပြီး ယခု အခါတွင် ဒဏ်ရာအခြေအနေ မှာ ဆိုးရွားလာသောကြောင့် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ် သည်။
အသက် ၁၉ နှစ်ရှိ ကွင်းလယ် ကစားသမား ဘယ်လင်ဟမ် သည် ယခုနှစ် ဘောလုံးရာသီ တွင် ဒေါ့မွန်အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြသနိုင် ခဲ့သဖြင့် ဘွန်ဒက်စ်လီဂါ တစ် နှစ်တာအကောင်းဆုံး ကစား သမားဆုကိုရရှိခဲ့ သူဖြစ်သည်။
သူရိန်