ဇွန် ၁
ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် အဖြစ် ဆီဗီလာအသင်းနှင့် ရိုးမားအသင်းတို့ ယနေ့ နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစား ကြရာ ဆီဗီလာအသင်းက ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ယူရိုပါလိဂ် ချန်ပီယံဆုကို ၇ ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ပထမပိုင်းတွင် ဆီဗီလာ အသင်း၏ တိုက်စစ်ဆင်မှုများကို ရိုးမားခံစစ်က အကောင်းဆုံး ပိတ်ဆို့ ကာကွယ်နိုင်ခဲ့ပြီးရိုးမား တိုက်စစ်မှူးများ၏ ကြိုးပမ်း မှုများကိုလည်း ဆီဗီလာခံစစ် က ထိန်းချုပ်နိုင်ခဲ့သည်။ပွဲကစား ချိန် ၃၅ မိနစ်တွင် ဆီဗီလာ ခံစစ်ပိုင်း၏ အာရုံစူးစိုက်မှု လျော့နည်းနေချိန်ကို အခွင့် ကောင်းယူကာ တိုက်စစ်မှူး ဒိုင်ဘာလာက ရိုးမားအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေး ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင် ချိန်တွင် ဆီဗီလာအသင်းက တိုက်စစ်မြှင့် ကစားခဲ့ပြီး ပွဲကစား ချိန် ၅၅ မိနစ်တွင် ရိုးမားနောက်ခံ လူ မန်စီနီ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းကြောင့် ဆီဗီ လာအသင်း လိုအပ်နေသည့် ချေပဂိုးရရှိခဲ့သည်။ လက်ကျန် မိနစ်များနှင့် အချိန်ပိုတွင် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သော ကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ဆီဗီလာအသင်းမှ အိုကမ်ပို့စ်၊ လာမယ်လာ၊ ရာကီ တစ်နှင့် မွန်တီယဲလ်တို့၏ ပင်နယ်တီလေးဂိုးစလုံး ဂိုးဝင်ပြီး ရိုးမားအသင်းမှ ခရစ္စတန်တေ တစ်ဦးသာဂိုးဝင်ကာ မန်ချီနီ၊ အီဘာနက်ဇ်တို့ ဂိုးဝင်ခြင်းမရှိ သောကြောင့် ဆီဗီလာအသင်း က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ သည်။
ဆီဗီလာအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်သည့် ၇ ကြိမ်စလုံး တွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်များ တွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
သူရိန်