နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မြင်မှုအလံ တလူလူလွင့်စေချင်

၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲ ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပသည့် နိုင်ငံတိုင်းသည် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပရသည်။

၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကြီးတွင် အားကစားနည်း ၁၄ မျိုးအနက် ရှစ်မျိုးကို မြန်မာ နိုင်ငံမှ အားကစားသမား ၈၂ ဦးက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း ရှစ်မျိုးမှာ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ Goal Ball၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်တို့ဖြစ်သည်။

ပြိုင်ပွဲဝင် အားကစားသမားများ၏ နေထိုင်စားသောက် ရေး၊ ကျန်းမာရေး၊ လေ့ကျင့်ရေး စသည့်အုပ်ချုပ်မှုကိစ္စအဝဝ ကို နိုင်ငံတော်မှ ခွင့်ပြုချက်ရန်ပုံငွေနှင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်ဆုများရယူပြီး နိုင်ငံနှင့် လူမျိုးအတွက် စွမ်းဆောင် နိုင်မှုကို ပြသရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်ရေး အစွမ်းကုန်ဆောင် ရွက်သွားရမည်ဖြစ်သည်။

မိမိနိုင်ငံအတွက် စိတ်ဓာတ်ခိုင်မာမှု၊ စွမ်းဆောင်ရည်ပြည့်ဝ မှု၊ လေ့ကျင့်သားပြည့်ဝမှုနှင့် ကြိုးစားအားထုတ်မှုတို့ဖြင့် ပြိုင်ပွဲ တိုင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ယူကြရမည်ဖြစ်သည်။

၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ် အဖြစ် တက်ရောက်မည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) ပြန်လည်နေရာချထားရေး ညွှန်ကြား ရေးမှူးရုံး၊ ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ ဖိတ်ကြားခံပုဂ္ဂိုလ် လေးဦး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ငွေကြေးစီမံ ခန့်ခွဲရေးဌာန ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် ဦးဆောင်သော နည်းပြ/အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် မသန်စွမ်းအားကစားသမားများ စုစုပေါင်း ၁၂၆ ဦးကို ရန်ကုန် မြို့မှ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှား) လေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးမည့် အားကစားသူရဲကောင်း မောင်၊ မယ်များ သမိုင်းမော်ကွန်းတင် စေရန် စွမ်းဆောင်စေချင်ကြောင်း ။           ။






အခြားဆက်စပ်သတင်းများ