မေ ၃၁
ဆောက်သမ်တန်အသင်း တောင်ပံကစားသမား ဝဲလ်ကော့ သည် လာမည့် ဇွန် ၃၀ ရက်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာမည်ဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
တောင်ပံကစားသမား ဝဲလ်ကော့သည် ၂၀၂၁ခုနှစ်က အဲဗာတန်အသင်းမှ ဆောက် သမ်တန်အသင်းသို့ နှစ်နှစ် စာချုပ်ဖြင့် ရောက်ရှိခဲ့သော် လည်း အသင်းတွင် ပုံမှန်ပွဲကစား ခွင့်ရရှိရန် ရုန်းကန်ခဲ့ရကာ ပြိုင်ပွဲစုံ ၃၆ ပွဲတွင် သွင်းဂိုး နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သကဲ့သို့ အသင်းအနေဖြင့်လည်း စာချုပ် သက်တမ်းတိုးရန်ကမ်းလှမ်း ခြင်းမရှိခဲ့သဖြင့် လာမည့် ဇွန် ၃၀ ရက်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပါက အသင်းမှ ထွက်ခွာ မည်ဖြစ်သည်။
“ဆောက်သမ်တန်ကထွက် ခွာဖို့ ဆုံးဖြတ်ပြီးပါပြီ။ကျွန်တော့် အနေနဲ့ ကစားသမားဘဝက အနားယူဖို့တော့ အစီအစဉ် မရှိသေးပါဘူး။ အဓိက ရည်ရွယ် ချက်ကတော့ ဘောလုံးဆက် ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် စိန်ခေါ်မှုအသစ် တွေကို ထပ်မံရှာဖွေသွားမှာပါ” ဟု ဝဲလ်ကော့က ပြောကြားခဲ့ သည်။ သူရိန်