မေ ၃၁
မန်စီးတီးအသင်းသည် ယခုနှစ် ဘောလုံးရာသီကုန်ထိ ဘိုင်ယန်မြူးနစ်အသင်းတွင် အငှားချထားသည့် ခံစစ်ကစား သမား ကန်ဆယ်လိုကိုလာမည့် အပြောင်းအရွှေ့တွင် ရောင်းချ လိုသောကြောင့် ပြောင်းရွှေ့ကြေး ကို စတာလင်ပေါင် ၃၄ သန်းထိ လျှော့ချခဲ့ကြောင်း သိရသည်။
ဘယ်တောင်ပံ ခံစစ်ကစား သမား ကန်ဆယ်လိုသည် မန်စီးတီး အသင်းတွင်ခြေစွမ်း ပြ ကစားနေသည့် ကစားသမား တစ်ဦးဖြစ်သော်လည်း နည်းပြ ဂွါဒီယိုလာက ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် လူငယ်ကစား သမား ရီကိုလူးဝစ်နှင့် နသန်အကီ တို့ကိုသာ အသုံးပြုခဲ့ရာ ဆက်ဆံ ရေးအဆင်မပြေမှုများ ဖြစ်ပေါ် ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ဘိုင် ယန်မြူးနစ်အသင်းသို့ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ သည်။
ကန်ဆယ်လိုသည် ဘိုင်ယန် မြူးနစ်အသင်းတွင် ပြိုင်ပွဲစုံ ၂၀ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်းတွင် ပုံမှန်ခြေစွမ်းရရှိ ရန် ရုန်းကန်နေရသောကြောင့် ဘိုင်ယန်မြူးနစ်အသင်းတာဝန် ရှိသူများက ၎င်းကို အပြီးသတ် ဝယ်ယူရန် တရားဝင်ကမ်းလှမ်း မှုမလုပ်ခဲ့သဖြင့် မန်စီးတီးအသင်း တာဝန်ရှိသူများက ပြောင်းရွှေ့ ကြေးလျှော့ချ၍ ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူရိန်