နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့်ကျန်းမာရေး

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှိုက်မိပြီး  ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေး ကြေညာချက်များ ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ၂၀၂၃ ကို မေလ ၃၁ ရက်ကို သတ်မှတ်ထားရာ "ဆေးလိပ်ဆေးရွက်ကြီးတို့မလို၊ စားရေရိက္ခာကို သာလို" ဆောင်ပုဒ်အဖြစ်သတ်မှတ်ထားသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာများကို ထုတ်ပြန် ကြေညာထားသည်။

ဆေးလိပ်သောက်သုံးခွင့်မရှိသောနေရာများသည် ဆေးရုံ အဆောက်အအုံနှင့်ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့်ဆေးခန်း များ၊ ကလေးကစားကွင်းများ၊ အားကစားကွင်းနှင့် အားကစားရုံများ၊ တက္ကသိုလ်ကောလိပ် စာသင်ခန်းများ၊ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်နေရာများ၊ ရုပ်ရှင်ရုံများ၊ ဇာတ်ရုံ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ အများပြည်သူသုံးစာကြည်တိုက်များ၊ မော်တော်ယာဉ်နှင့်  လေယာဉ်များ၊ လေအေးပေးစက်တပ်ဆင်ထားသော ခန်းမများပါဝင် သည်။

သို့အတွက် ဆေးလိပ်သောက်သုံးသူများအနေဖြင့် အများနှင့် သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို သတိပြု ရှောင်ကြဉ်ရန်လိုအပ်သည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မဖြစ်မနေ သောက်တက်သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြားသူများအား အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားနေရာများ၌ မသောက် မိဖို့ လိုအပ်သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ် ရေးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၃ ရက်နေ့စွဲဖြင့် အမိန့်ကြေညာစာထုတ်ပြန်ထားသည်။ လူအများမြင်သာသည့်နေရာ ၌ "ဆေးလိပ်သောက်ခွင့်ရှိသောနေရာ" "ဤနေရာမှကျော်လွန်၍ ဆေးလိပ်မသောက်ရ"၊ "ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး ကို ဆိုးရွာစွာထိခိုက်စေပါသည်"စသည့် စာတန်းအမှတ်အသားနှင့် ဆိုင်းဘုတ်ကို အလျား ၁၈ လက်မ၊ အနံ ၁၂ လက်မထက် မကြီးစေဘဲ အောက်ခံအဖြူရောင်ပေါ်တွင် အနက်ရောင်ဖြင့် ထင်ရှားစွာရေးသား ရမည်ဖြစ်ကြောင်း၊ 

အလားတူ အခြားဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာ အဖြစ် အဆောက်အအုံအပြင်ဘက်၊ အဆောက်အအုံဝင်ပေါက်၊ ပြတင်းပေါက်များနှင့် ၁၀ မီတာအကွာ၊ အမိုးအကာမရှိသောနေရာ၊ ဆေးလိပ်မသောက်သူများထံ ဆေးလိပ်ငွေ့ရောက်ရှိ ပျံ့နှံ့မှုမရှိသော နေရာတို့ကို စီမံထားရှိရမည်ဖြစ်ပြီး ရထား(သို့)ရေယာဉ်တွင် ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာအဖြစ် သီးသန့်အခန်း၊ လေဝင်လေထွက်ကောင်းမွန်သည့် နေရာ၊ ဆေးလိပ်မသောက်သူ များထံသို့ ဆေးလိပ်ငွေ့ရောက်ရှိ ပျံ့နှံ့မှုမရှိနိုင်သော နေရာတို့ကို စီမံထားရမည်ဖြစ်ကြောင်း၊ မည်သူမဆိုလိုက်နာရန်ပျက်ကွက်ပါက  ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆေးလိပ် သောက်သုံးခွင့်မရှိသော နေရာများတွင် ဆေးလိပ်သောက်သုံးခြင်း အားလိုက်နာစောင့်ထိန်းရန် လိုအပ်သကဲ့သို့ ဆေးလိပ်သောက်ခွင့် ရှိသော သီးသန့်နေရာများ ဖန်တီးပြုပြင်အသိပေးထားခြင်းဖြင့် အပြန်အလှန် နားလည်စွမ်းဆောင်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ