မေ ၃၀
မန်စီးတီးအသင်းသည် ယခုနှစ် ဘောလုံးရာသီ ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံး တော့မည့် ဒုတိယဦးစားပေး ဂိုးသမား ကာဆန်ကို လာမည့် ၂၀၂၄ ခုနှစ်ထိ တစ်နှစ်သက်တမ်း တိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
“မန်စီးတီးအသင်းမှာ လာမယ့်ဘောလုံးရာသီ ကုန်ထိ ဆက်နေခွင့်ရတဲ့အတွက်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့် အနေနဲ့ ကမ္ဘာ့အဆင့်ကစား သမားတွေရှိနေတဲ့ အသင်းမှာ နည်းပြ ဂွါဒီယိုလာနဲ့ လက်တွဲ အလုပ်လုပ်ရတာ ပျော်ရွှင်မိ ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အသင်းရဲ့ ဂိုးသမား တွေကို အပြည့်အဝကူညီနိုင်ဖို့ အတွက် အမြဲမျှော်လင့်ထား တာပါ။ ဒါ့အပြင် ကျွန်တော့် ကို လိုအပ်လာတဲ့ အချိန်မှာ အသင်းအတွက် ပါဝင်ကစား ပေးဖို့လည်း အသင့်ရှိနေပါတယ်” ဟု ဂိုးသမားကာဆန်က ပြော ကြားခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိ ဂိုးသမားကာဆန်သည် ၂၀၁၉ ခုနှစ်က ဒါဘီအသင်းမှ အငှား စာချုပ်ဖြင့် ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒါဘီအသင်းနှင့်စာချုပ် ကုန်ဆုံးချိန်တွင် မန်စီးတီး အသင်းသို့ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ရောက်ရှိခဲ့ကာ အသင်း တွင် ဂိုးသမား အန်ဒါဆန်၏ နောက်တွင် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ပါဝင်၍ ပြိုင်ပွဲစုံတွင် နှစ်ပွဲသာ ကစား ခွင့်ရထားသော်လည်း အသင်း တာဝန်ရှိသူများက တစ်နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။
သူရိန်