မေ ၃၀
မန်ယူအသင်းနှင့်အဆင် မပြေမှုများ ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျကလပ်အယ်နာ ဆာအသင်းသို့ နှစ်နှစ်ခွဲစာချုပ် ဖြင့် ပြောင်းရွှေ့ခဲ့သည့် တိုက်စစ် မှူး စီရော်နယ်ဒိုအနေဖြင့်အသင်း မှ ထွက်ခွာရန် ဆန္ဒရှိနေသည် ဆိုသည့် သတင်းများကို ငြင်းဆို ခဲ့သည်။
တိုက်စစ်မှူး စီရော်နယ်ဒို သည် လက်ရှိ အယ်နာဆာ အသင်းတွင် တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ အထိရရှိနေသော် လည်း ဆော်ဒီအာရေဗျ ကလပ် အသင်းများသည် မော်ဒန် ဘောလုံးလောကနှင့် ကွာခြားနေ သည့် အခြေအနေနှင့်နိုင်ငံ အတွင်း တည်ရှိနေသည့် အခြေ အနေများကြောင့် ဥရောပ ကလပ်အသင်း တစ်သင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိ နေပြီး လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသော ကြောင့် ၎င်းက အဆိုပါသတင်း များကို ငြင်းဆို၍အယ်နာဆာ အသင်းတွင် ဆက်ရှိမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
စီရော်နယ်ဒိုသည် လာမည့် နွေရာသီတွင် အယ်နာဆာ အသင်းမှ ထွက်ခွာပါက လက် ကျန် နှစ်နှစ်စာချုပ်အတွက် လျော်ကြေးငွေ ပေးချေရမည် ဖြစ်သော်လည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က သတ်မှတ်ထားသည့် စည်းကမ်းချက်အရ ကစား သမားတစ်ဦး အနေဖြင့် ခိုင်လုံ သည့် အကြောင်းပြချက်မရှိဘဲ အသင်းနှင့် တစ်ဖက်သတ် လမ်းခွဲခြင်းကို ခွင့်မပြုသော ကြောင့် ၎င်းအနေဖြင့် အယ်နာ ဆာအသင်းနှင့် သဘောတူညီမှု ရယူ၍ နှစ်ဖက်သဘောတူ လမ်းခွဲမှသာ အသင်းမှ ထွက်ခွာ နိုင်မည်ဖြစ်သည်။ သူရိန်