မျက်မှောက်ကာလတွင် ပြောင်းလဲလာသောခေတ်စနစ်နှင့် အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင် ရွက်လျက်ရှိသည်။ မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာ ခေတ်ကို ဦးတည်လျှောက်လှမ်းနေသည်။
မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့် ကိုက်ညီသော လယ်ယာ ကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိရာ အောင်မြင်မှုလမ်းစများကို မြင်တွေ့နေရပြီဖြစ်သည်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအနှီးများချေးယူ နိုင်သည့်အခွင့်အလမ်းများပေါ်ထွန်းလာနေသည်။
လယ်ယာသုံးစက်ကိရိယာများ အားပြည့်လာသည်နှင့်အမျှ လယ်ယာလုပ်ငန်းများ တွင်ကျယ်လာသည်။ လယ်ယာလုပ်ငန်းခွင် တွင် အသုံးတည့်သဖြင့် လယ်သမားတို့ လယ်ယာလုပ်ငန်းခွင် သုံးစက်ကိရိယာများဝယ်ယူရရှိရေး အားထည့်ကြရ၏။ မြေယာ ထွန်ယက်ပြုပြင်ရာ၌ လယ်ယာလုပ်ငန်းခွင်သုံးစက်များကို ပိုမို အသုံးပြုလာသည်ကို မြို့နယ်အနှံ့တွင် တွေ့မြင်လာရသည်။ ရှေးဦး သီးနှံများရိတ်သိမ်းအပြီး အချိန်စောင့်ဆိုင်းရခြင်းမရှိဘဲ စက်ကို ယခင်နှစ်များကထက် ပိုမိုသုံးစွဲလာကြသည်။
စွမ်းရည်မြင့်လယ်ယာသုံးထွန်စက်များကို သုံးစွဲခြင်းဖြင့် ထယ်နက်ခြင်း၊ တမန်းညီခြင်း၊ တမန်းညက်ခြင်းများ စပါးရှင်သန်မှု အားသာချက်အထောက်အပံ့ရရှိစေသည်။ စက်မှုလယ်ယာဦးစီး ဌာနသည် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်အစရှိသော စက်ကိရိယာများ မောင်းနှင် ခြင်း၊ ထိန်းသိမ်းခြင်းများကို မြို့နယ်များတွင် သင်ကြားပို့ချပေးခဲ့ သည်။
လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာသုံးစက် ကိရိယာများကို တစ်နှစ်ထက်တစ်နှစ်ပိုမိုသုံးစွဲလာခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အကြီးစားလယ်ယာမြေများပေါ်ထွန်း လာရေး အထောက်အပံ့ဖြစ်ပေါ်လာမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိ ရာ တောင်သူလယ်သမားများလက်တွေ့ကျကျဝင်ငွေတိုးတက် ရရှိခံစားနိုင်ရန် ရေရှည်တည်တံ့ရန်အတွက် ခေတ်မီစက်မှုလယ်ယာ မြေစနစ်ထူထောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ညီ လက်ညီဆောင်ရွက်ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း။