နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာလာလာယူဆွတ်ဖိုင်က အောက်စဖို့ဒ်တက္ကသိုလ်တွင် နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးစီး

ဇွန် ၂၀ လန်ဒန်


လူ့အခွင့်အရေး လှုပ်ရှားသူ မာလာလာယူဆွတ်ဖိုင်မှာ အောက်စဖို့ဒ်တက္ကသိုလ်တွင် နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။ တာလီဘန်လက်နက်ကိုင်များက ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခဲ့သော်လည်း အသက်ရှင်လွတ်မြောက်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် ပါကစ္စတန်အမျိုးသမီး မာလာလာယူဆွတ်ဖိုင်မှာ အောက်စဖို့ဒ်တက္ကသိုလ်တွင် နိုင်ငံရေး၊ ဒဿနိကနှင့် စီးပွားရေးပညာရပ်များ သင်ယူခဲ့သူဖြစ်သည်။ '' ဘာဆက်လုပ်ရမလဲ မသိသေးပါဘူး။ အခုတော့ Netflix က ဇာတ်ကားတွေကြည့်လိုက်၊ စာဖတ်လိုက်၊ အိပ်လိုက်ပဲ လုပ်ဖြစ်မှာပါ''ဟု ယင်းက ဆိုသည်။


အစွန်းရောက်သမားများ၏ လက်အောက်တွင် နေထိုင်ရသည့် ဘဝအကြောင်း ဒိုင်ယာရီ ရေးသားခဲ့သည့် မာလာလာယူဆွတ်ဖိုင်သည် မိန်းကလေးများကို ပညာသင်ကြားခွင့်ပေးသင့်သည်ဟု ထုတ်ပြောခဲ့ခြင်းကြောင့် ကျောင်းမှအိမ်သို့ပြန်လာချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ သေလုနီးပါးဖြစ်ခဲ့သည့် ဒဏ်ရာများမှ ပြန်လည်သက်သာလာချိန်တွင် မာလာလာယူဆွတ်ဖိုင်တို့ မိသားစုမှာ ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။၂၀၁၄ ခုနှစ်က  အသက် ၁၇ နှစ်အရွယ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့သည့် မာလာလာယူဆွတ်ဖိုင်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရသူများအနက် အသက်အငယ်ဆုံးဖြစ်သည်။               

(KNT)






အခြားဆက်စပ်သတင်းများ