နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုးပမ်းဆောင်ရွက် တိုးတက်စေချင်

ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာများ သတင်းအချက်အလက်နှင့်ဆက်သွယ်မှုနည်းပညာများ၏ အပြန် အလှန်အထောက်အကူပြု  တိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေးဘဝ ပြောင်းလဲတိုးတက်လာသည်။

 မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည်ပြည့်ဝသည့်လူမျိုး ဖြစ်ရန် ယနေ့လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်တည် ဆောက်ပေးရန်ဖြစ်သည်။

 ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကိုအမီလိုက်နိုင်ရန်၊ ပညာရေးအဆင့်မြင့်မားလာရေးအတွက် ယနေ့လူငယ်လူရွယ် များသည် သာမန်တတ်မြောက်သည်နှင့်ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန်ထက်မြက်ရန် အစဉ်ကြိုးပမ်းအားထုတ်ရပေမည်။

မြန်မာနိုင်ငံနှင့်နိုင်ငံသားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး၊ ပို့ကုန်တိုးတက်ရရှိရေး၊ နည်းပညာရရှိရေးတွင် နိုင်ငံ တကာစီးပွားရေးလုပ်ငန်းကြီးများက အထောက်အပံ့ဖြစ်နေသည်။ သို့သော် အဓိကရင်ဆိုင်ရမည့်ပြဿနာမှာ  အရည်အချင်းနှင့်      စွမ်းဆောင်ရည်မှာ အရန်သင့်အသုံးချနိုင်သော အခြေအနေတွင်ရှိမနေ ခြင်းပင်ဖြစ်သည်။

ယနေ့အခြေအနေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ သည် ခေတ်နှင့်အညီပြောင်းလဲလာသော နည်းပညာသစ်များထည့်သွင်း လာရာ ခေတ်မီအတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်နိုင် ရေးသည် အရေးပါသည်။

 မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်ရာတွင် မျိုးဆက်သစ်များ အသိဉာဏ်ပညာမြင့်မားဖွံ့ဖြိုးတိုးတက်အောင် ခေတ် အဆက်ဆက်က ကျောင်းအပ်ပြီးကျောင်းတက်ရန် မိဘများကဆောင်ရွက် ကြရခြင်းဖြစ်ရာ ဉာဏ်မျက်စိပွင့်လာအောင် ကျောင်းများကလေ့ကျင့်ပေး ရာ ဘူမိနက်သန်ဖြစ်သည်။

 အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားစွမ်းရည် ပြည့်ဝသည့်လူမျိုးဖြစ်ရန် ယနေ့လူငယ်၊ လူရွယ်များက အသိပညာ၊ အတတ် ပညာများကို အားသွန်ခွန်စိုက်ကြိုးစားအားထုတ်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ