နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယစစ်တပ်ကို ဖြန့်ကြက်ပြီး နယ်စပ်ကို ကာကွယ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် ဆို

ဇွန် ၂၀  နယူးဒေလီ


လိုအပ်လာပါက အိန္ဒိယစစ်တပ်ကို ဖြန့်ကြက်ပြီး နယ်စပ်ကို ကာကွယ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောသည်။ ပြီးခဲ့သည့်တနင်္လာနေ့က တရုတ်စစ်သည်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့ပြီးနောက် နာရန္ဒြာမိုဒီက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနယ်စပ်အတွင်း တိုင်းတပါးစစ်သည်တစ်ဦးတစ်ယောက်မျှ ဝင်ခွင့်ပေးမည်မဟုတ်သကဲ့သို့ ပိုင်နက်နယ်မြေကို တစ်လက်မမျှ ဆုံးရှုံးခံမည်မဟုတ်ဟု ယင်းက ဆိုသည်။ 


ပိုင်ဆိုင်သည့် အငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တရုတ်စစ်သည် မည်မျှသေဆုံးခဲ့သည်ဆိုခြင်းကို တရုတ်နိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပေ။ တိကျသေချာမှုအားနည်းသည့် နယ်စပ်မျဉ်းကို ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု အိန္ဒိယနှင့် တရုတ်နိုင်ငံက အပြန်အလှန် စွပ်စွဲခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် နာရန္ဒြာမိုဒီက '' အိန္ဒိယပိုင်နက်နယ်မြေကို ကာကွယ်ဖို့အတွက် အိန္ဒိယတပ်ဖွဲ့တွေကို လိုအပ်တာမှန်သမျှလုပ်ခွင့်ပြုထားပါတယ်''ဟု ပြောခဲ့သည်။ 


'' တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ဒေါသထွက် နာကျင်နေကြပါတယ်။ အိန္ဒိယက ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု လိုချင်တာပါ။ ဒါပေမဲ့ အချုပ်အခြာအာဏာကို ထိန်းထားဖို့က အရေးအကြီးဆုံးပါပဲ''ဟု နာရန္ဒြာမိုဒီက ဆိုသည်။ ၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်အရ အိန္ဒိယနှင့် တရုတ်နိုင်ငံကြား နယ်စပ်တိုက်ပွဲတွင် လက်နက်အသုံးပြုခွင့် တားမြစ်ထားခြင်းကြောင့် ပြီးခဲ့သည့်တနင်္လာနေ့ တိုက်ပွဲတွင် သံတုတ်များ အသုံးပြုခဲ့သည်ဟု ဆိုသည်။                                       (KNT)






အခြားဆက်စပ်သတင်းများ