နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်း ချဲလ်ဆီးကို ဂိုးပြတ်နိုင်

မေ  ၂၆

ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယနေ့နံနက် အစောပိုင်းက အိုးထရက်ဖို့ဒ် ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မန်ယူအသင်းက ချဲလ်ဆီးအသင်း ကို လေးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိ ခဲ့သည်။

အဆိုပါပွဲစဉ်တွင် မန်ယူ အသင်းက အခွင့်အရေးပိုမိုဖန်တီး နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို အသာစီးကစားနိုင်ခဲ့ကာ ဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းအတွက် အနိုင်ဂိုးများကို ပွဲကစားချိန် ၆ မိနစ်တွင် ကက်စမဲရိုး၊ ၅၀ မိနစ် တွင် မာရှယ်၊ ၇၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်နှင့် ၇၈ မိနစ် တွင် ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေး ခဲ့ခြင်းဖြစ်ပြီး ချဲလ်ဆီးအသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ၈၉ မိနစ်တွင် ဂျာအို ဖီးလစ်က သွင်းယူပေးခဲ့သည်။

ပထမပိုင်းတွင် မန်ယူ အသင်း ပိုမိုပြတ်သားသည့်ရလဒ်ဖြင့် ပွဲကိုဦးဆောင်နိုင်ရန် အခွင့်အရေး များ ဖန်တီးနိုင်ခဲ့သော်လည်း မာရှယ်နှင့်အန်တိုနီတို့ အသုံး မချနိုင်ခဲ့ခြင်းကြောင့် နှစ်ဂိုးအသာ ဖြင့်သာ ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် မန်ယူ အသင်းကထပ်မံရရှိလာသည့် အခွင့်အရေးများကို အကောင်း ဆုံးအသုံးချပြီး ဂိုးပြတ်နိုင်ပွဲဖော် ဆောင်နိုင်ခဲ့ကာ ချဲလ်ဆီးအသင်း က ကွင်းလယ်ပိုင်းတွင်ပုံစံကောင်း ပြသနိုင်ခဲ့သော်လည်း တိုက်စစ် ပိုင်းကအားနည်းချက်များရှိ နေခဲ့ပြီး ချေပဂိုးများရရှိအောင် သွင်းယူနိုင်ခြင်းမရှိဘဲ မန်ယူ အသင်း၏ အနိုင်ဂိုးများကိုသာ ထပ်မံခွင့်ပြုပေးခဲ့ရသည်။

အဆိုပါရလဒ်ကြောင့်မန်ယူ အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၇၂ မှတ်ဖြင့် အဆင့် ၃နေရာတွင်ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွား ပြီဖြစ်ကာ ချဲလ်ဆီးအသင်းက ရမှတ် ၄၃မှတ်ဖြင့် အဆင့် ၁၂ နေရာတွင်ရပ်တည်နေသည်။


သူရိန်






အခြားဆက်စပ်သတင်းများ