နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း ကစားသမားစာရင်း ထုတ်ပြန်

မေ  ၂၆

အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်သည် လာမည့်ဇွန်လတွင်ကစားရမည့် ယူရို ၂၀၂၄ခြေစစ် ပွဲစဉ်အတွက် ကစားသမားစာရင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု C တွင် အီတလီအသင်း၊ မြောက်မက်ဆီ ဒိုးနီးယားအသင်း၊ ယူကရိန်းအသင်း၊ မော်တာ အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အီတလီအသင်းနှင့် ယူကရိန်းအသင်းတို့ကို အနိုင် ရခဲ့သဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ဇွန် ၁၆ ရက်တွင် မော်တာအသင်း၊ ဇွန် ၁၉ ရက်တွင် မြောက် မက်ဆီဒိုးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။

နည်းပြ ဆောက်ဂိတ် ထုတ်ပြန်ခဲ့သည့် ကစား သမားစာရင်းတွင် ဂိုးသမားအဖြစ် ပစ်ဖို့ဒ်၊ ရမ်ဒေးလ် နှင့် ဂျွန်စတုန်းတို့ကိုရွေးချယ်ထားပြီး ခံစစ်ကစား သမားအဖြစ် အာနိုး၊ လူးဝစ်ဒမ့်၊ ဂူဟီ၊ လုခ်ရှော၊ မက်ဂွဲယား၊ ဝေါလ်ကာ၊ စတုန်း၊ ထရစ်ပီယာတို့ ပါဝင်ခဲ့သည်။

ထို့ပြင် ကွင်းလယ်ပိုင်းတွင် ဘယ်လင်ဟမ်၊ ကယ်ဗင်ဖီးလစ်၊ ဟန်ဒါဆန်၊ အက်ဇီ၊ ဂယ်လာဟာ နှင့် ဒီကလန်ရိုက်စ်တို့ပါဝင်ပြီး တိုက်စစ်ပိုင်းတွင် ဖိုဒန်၊ ဂရီးလစ်ရှ်၊ ဟာရီကိန်း၊ မက်ဒီဆင်၊ ရက်ရှ်ဖို့ဒ်၊ ဆာကာနှင့် ဝဲလ်ဆင်တို့ပါဝင်ကြောင်း သိရသည်။                                             

သူရိန်






အခြားဆက်စပ်သတင်းများ