နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး လူတစ်ဦးသစ်တစ်ပင်စိုက်ပျိုးပေး

ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှု သည် လျင်မြန်စွာမြင့်တက်နေကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများ ပြုလုပ်ထိန်းချုပ်သွားရန်လိုကြောင်း ကုသမဂ္ဂက အသိပေးချက် တစ်ရပ်ထုတ်ပြန်ထားသည်။

 ကမ္ဘာကြီးသည်လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာ သည်။ ဒေသအသီးသီး၏ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင်ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။

 လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်လာနေကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ်ထိန်းချုပ်သွားရန်လိုကြောင်း ကုလသမဂ္ဂ အသိပေးထုတ်ပြန်ထားသည်။

 မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင်အစိုးရများက ဆွေးနွေးညှိနှိုင်းအဖြေ ရှာနေကြသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၂၀၁၀ ပြည့်နှစ် အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်အသိပေးထားသည်။

 ဥတုရာသီ တောကိုမှီ၏ဆိုစကားအတိုင်း သဘာဝတောတောင်၊ ရေအရင်းအမြစ်၊ သစ်တောများစသဖြင့်  သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကိုလည်း  လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ယခုအခါ သစ်တောသစ်ပင်လျော့နည်းလာပြီး   သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရ သည်မှာ အမှန်ပင်ဖြစ်သည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ပူပြင်းမူ ကာလရှည်လျားပြီး ဆောင်းကာလတိုခြင်းတို့ကို ကြုံတွေ့နေရသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည်  လက်ရှိအခြေ အနေအတိုင်း ဆက်လက်ထုတ်လွှင့်ခွင့်ပြုထားလျှင် နောက်ပိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားရန် မလွယ်ကြောင်း ကျွမ်းကျင်သူများက အသိပေးထားသည်။

 လက်ရှိအခြေအနေတွင် လူတစ်ဦးသစ်ပင်တစ်ပင်နှုန်း စိုက်ပျိုး ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုမြင့်တက်လာခြင်းကို လျှော့ချ သွားရန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။    ။






အခြားဆက်စပ်သတင်းများ