နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန်ကို အရေးနိမ့်ပြီး ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည့် အာဆင်နယ်

မေ  ၁၅

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် အာဆင်နယ်အသင်းနှင့် ဘရိုက်တန် အသင်းတို့ ယမန်နေ့ ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဘရိုက်တန်အသင်းက အာဆင်နယ် အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ် အသင်းက ခံစစ်ပိုင်းအမှားများမှု၊ တိုက်စစ်ပိုင်း အဆုံးသတ်လိုအပ်ချက် ရှိနေမှုနှင့်အတူ ရှုံးပွဲကြုံတွေ့ခဲ့ရ ခြင်းဖြစ်ပြီး ဘရိုက်တန်အသင်းက အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစား ပြီးရရှိလာသည့် အခွင့်အရေးများကို အသုံးချကာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။

ဘရိုက်တန်အသင်းအတွက် ဂိုး များကို ပွဲကစားချိန် ၅၁ မိနစ်တွင် အန်စီဆို၊  ၈၆ မိနစ်တွင် အန်ဒက်ဗ်နှင့် ၉၆ မိနစ်တွင် အက်စတူပီနန်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါရလဒ်ကြောင့်ဘရိုက်တန်   အသင်းကရမှတ် ၅၈ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်လျက်ရှိပြီး အာဆင်နယ် အသင်းက ၈၁ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေကာ ပထမနေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး လေးမှတ်ထိ ကွာဟ ခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံမျှော် လင့်ချက်လည်း ပျက်ပြယ်ခဲ့ရသည်။

အာဆင်နယ်အသင်းသည်ဇယား ထိပ်တွင် ကာလရှည်ဦးဆောင်နိုင်ခဲ့ သော်လည်း အဓိက ကစားသမားများ ဒဏ်ရာရရှိမှု၊ အရန်အင်အားနည်းပါး မှုနှင့် ခံစစ်ပိုင်းအမှားများမှုများ ကြောင့် နောက်ပိုင်းပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ရုန်းကန်ခဲ့ရပြီးလိုအပ် နေသည့်အမှတ်များကို ရယူနိုင်ခြင်း မရှိခဲ့ဘဲ ပထမနေရာကို မန်စီးတီး အသင်းထံ လွှဲပေးခဲ့ရကာ ယခုအခါ တွင် ချန်ပီယံမျှော်လင့်ချက်လည်း အဆုံးသတ်ခဲ့ရပြီဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ