နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာရွတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှု၊ မိုးများရွာသွန်းမှုကြောင့်သစ်ကိုင်းကျိုးကျခြင်းတို့ ဖြစ်ပွားခဲ့သောသရက်ပင်များကို ခုတ်ထွင်ရှင်းလင်

ကမာရွတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှု၊ မိုးများရွာသွန်းမှုကြောင့် မေ ၁၄ ရက်၊ နံနက် ၈ နာရီခွဲအချိန်က ၁၀ ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အမှတ် ၂၉၀ ခြံဝင်းအတွင်း တရုတ်စကားပင် လဲပြို၍ မော်တော်ယာဉ်ပိခြင်း၊ ၁၀ နာရီခွဲအချိန်က ၁ ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးဝင်းအတွင်း သစ်ကိုင်းကျိုးကျ၍ ခေါင်မိုးပေါ်ပိခြင်း၊ ၁၁ နာရီအချိန်က ၁၀ ရပ်ကွက်၊ ဦးဝိစာရလမ်း၊ အမှတ် ၂၇၈ KBZ ဘဏ်ရှေ့ သရက်ပင် သစ်ကိုင်းကျိုးကျခြင်းတို့ ဖြစ်ပွားခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် ယာဉ်များ ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း၊ အဆိုပါ နေရာများသို့ ကြိုတင်ပြင်ဆင်စုဖွဲ့ထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနတို့မှ ပူးပေါင်းအင်အား ၃၀ ဦးဖြင့် ဖြန့်ခွဲသွားရောက် ခုတ်ထွင်ရှင်းလင်းရာ မွန်းတည့် ၁၂ နာရီတွင် ရှင်းလင်း ပြီးစီးသည်ကို တွေ့ရစဉ်။                                                                                               

ယဉ်မွန်






အခြားဆက်စပ်သတင်းများ