နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁,၉၅၂ ဦး ဖန်တီးပေး

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/ ၂ဝ၂၄) ကြိမ်မြောက် အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်း က ရန်ကင်းမြို့နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပ သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးဌာနဆိုင် ရာ တာဝန်ရှိသူများသည် ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရူကြ သည်။

ထို့နောက် အစည်းအဝေး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ် ခု၊ ဖက်စပ်နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး    အတည်ပြုပေးခဲ့သည့်လုပ်ငန်း များမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့် ပြောင်း ကြိတ်ခွဲသန့်စင် ထုပ်ပိုး ၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာ ငွေကျပ်  သန်းလေးထောင်နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၉၅၂) ဦးအတွက် ဖန်တီးပေး နိုင်မည် ဖြစ်သည်။

ယင်းနောက် အစည်းအဝေး တွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီငါးခု ၏တင်ပြချက်များကို ဆွေးနွေး ဆုံးဖြတ်ကြသည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ