နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်  ၂၅နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီနာယကတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား ရာ နေပြည်တော်တွင် ကျင်းပ မည့် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်  စိုက်ဆုဖလားများရယူနိုင်ရေး 

ယခုပြိုင်ပွဲမှ လူရွေးချယ်သွား မည်ဖြစ်ပြီး ရွေးချယ်ခံရသော အားကစားသမားများသည် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပထမပွဲစဉ်ဖြစ်သည့် တွံ့တေး မြို့နယ်အသင်းနှင့် ကြည့်မြင် တိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါ မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား သုံးယောက်တွဲ ၄၃  သင်း၊ လေးယောက်တွဲ  ၄၂ သင်း၊ အမျိုးသမီး သုံးယောက်တွဲ ၁၃ သင်း၊ လေးယောက်တွဲ ၁၂ သင်း တို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဧပြီ ၂၉ ရက်တွင် အမျိုးသား လေး ယောက်တွဲနှင့် အမျိုးသမီး သုံး ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်မည်ဖြစ်သည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ