နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာများရောက်ရှိနေသည်ဆိုသည့် (၆၆) ရပ်ကွက် အင်းဝအိမ်ရာတွင် နေထိုင်ကြသည့် တရုတ်မိသားစုထံ သက်ဆိုင်ရာကစစ်ဆေး

ရန်ကုန် ဧပြီ ၅ တောင်ဒဂုံမြို့နယ် (၂၀/၆၆) ရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် လူနာများရောက်ရှိနေသည်ဟု လူမှုကွက်ရက် စာမျက်နှာနှင့်၊ COVID-19 Hotline Phone တို့ကို စိုးရိမ်ပူပန်စွာဖြင့် တင်ပြလာသော သတင်းပေးပို့မှုများကြောင့် ဧပြီ ၄ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့က (၆၆) ရပ်ကွက် အင်းဝအိမ်ရာ တွင် နေထိုင်ကြသော တရုတ်နိုင်ငံသားများ၏ မှတ်တမ်းတင်ထားရှိမှုများ၊ အုပ်ချုပ်ရေးမှူးရုံးမှ ဆောင်ရွက် ထားရှိမှုများကို စိစစ်ခဲ့ကြသည်။ ထို့နောက် ရပ်ကွက်နေပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန်အတွက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် ဂျိုးဖြူလမ်းရှိ အဆိုပါအိမ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်၊ လက်ထောက်ကျန်းမာရေးမှူး ဦးသက်ဆွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ ရပ်မိရပ်ဖ (၃) ဦးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိသားစုအလိုက် ကျန်းမာရေး Lock down ချနေထိုင်ခြင်းသာဖြစ်ကြောင်းသိရှိရပြီး ကောလာဟလများအပေါ် အများပြည်သူ စိုးရိမ်မှုမရှိစေရန် အသိပညာပေးခဲ့ကြသည်။ (WP)






အခြားဆက်စပ်သတင်းများ