နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်း ကစားသမား ၁၃ ဦးထိ ရောင်းချရန် ပြင်ဆင်

ဧပြီ  ၁၇

မန်ယူအသင်းက လာမည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ကစားသမား ၁၃ ဦးထိ ရောင်းချပြီးအသင်း ကို အပြောင်းအလဲပြုလုပ်ရန် အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းကို ယခုနှစ်  ဘောလုံးရာသီတွင် နည်းပြ တန်ဟက် တာဝန်ယူကိုင်တွယ် ခဲ့ပြီးနောက် အသင်းကို အပြောင်း အလဲများစွာ ပြုလုပ်နေခြင်းဖြစ် သည်။

ထို့ပြင် မန်ယူအသင်းသည် တိုက်စစ်ပိုင်းတွင် စီရော်နယ်ဒို ထွက်ခွာခဲ့ပြီးနောက် ထိပ်တန်း ကစားသမား ခေါ်ယူမှုမပြုလုပ် ခဲ့ဘဲ ဘန်လေအသင်းမှ ဝက် ဟော့ကိုသာ ရာသီဝက်အငှား စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး လာမည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူရန် ပြင်ဆင်နေသည်။

မန်ယူအသင်းက လာမည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ကစားသမား သစ်များ ခေါ်ယူအင်အားဖြည့် တင်းရာ၌ ဘဏ္ဍာရေးစည်းမျဉ်း နှင့် ကိုက်ညီစေရန်အတွက် မက်ဂွဲယား၊ တွမ်မီနေး၊ အီလန်ဂါ၊ မာရှယ်၊ ဝီလီယံ၊ ဗန်ဒီဘိခ်နှင့် ဝမ်ဘစ်ဆာကာ အစရှိသည့် ကစားသမားများအပါအဝင် ကစားသမား ၁၃ ဦးထိ ရောင်းချ ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ