နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ့မွန်အသင်းတွင် ဆက်ကစားရန် ဆုံးဖြတ်ထားကြောင်း မာကိုရူးစ်ပြော

ဧပြီ   ၁၇

ယခုနှစ်နွေရာသီ အပြောင်း အရွှေ့တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အသင်းခေါင်းဆောင် မာကိုရူးစ် က လုပ်ခလစာလျှော့ယူ၍ အသင်းတွင် ဆက်လက်ကစား ရန် ဆုံးဖြတ်ထားကြောင်း ပြော ကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ မာကိုရူးစ်သည် လက်ရှိတွင် တစ်နှစ်လုပ်ခလစာ ယူရို ၁၂ သန်းထိ ရရှိနေသော်လည်း လာမည့်နှစ် ဘောလုံးရာသီတွင် အသင်း၌ ဆက်လက်ရှိနေပါက အပိုဆုကြေး အပါအဝင် တစ်နှစ် လုပ်ခလစာ ယူရို ၇ သန်းသာ လျှော့ယူ၍ အသင်းနှင့်စာချုပ် သက်တမ်းတိုးရန် ဆုံးဖြတ်ထား ခြင်းဖြစ်သည်။

ကွင်းလယ်ကစားသမား မာကိုရူးစ်သည် ၂၀၁၂ ခုနှစ်က ဂလာဘတ်အသင်းမှ ဒေါ့မွန် အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃၈၀ တွင် သွင်းဂိုး ၁၆၁ ဂိုးထိ သွင်းယူ၍ခြေစွမ်း ပြသနိုင်ခဲ့သဖြင့် ဥရောပထိပ် သီးကလပ်များက ကမ်းလှမ်းခဲ့ရာ ဒေါ့မွန်အသင်းတွင်သာ ဆက် ကစားရန် ဆုံးဖြတ်ခဲ့ပြီး ယခု နှစ် ဘောလုံးရာသီတွင်လည်း အသင်းအတွက် ၂၄ ပွဲ ကစား ခဲ့ပြီး သွင်းဂိုး ၈ ဂိုးနှင့် ဂိုးဖန်တီး မှု ခုနစ်ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ သည်။                          

 သူရိန်







အခြားဆက်စပ်သတင်းများ