နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း စာချုပ်သစ်ကမ်းလှမ်းမှု ဘာလိုဂန် ငြင်းဆို

ဧပြီ  ၁၂

အာဆင်နယ် အသင်းမှ ပြင်သစ်ကလပ် ရိမ်းအသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသည့် တိုက်စစ်ကစားသမား ဘာလို ဂန်က အာဆင်နယ်အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်း ဆိုခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဘာလိုဂန်သည် အာဆင်နယ်အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးရန် နှစ်နှစ် ကျန်ရှိနေသော်လည်း ၎င်းသည် ရိမ်းအသင်းတွင် အငှားစာချုပ် ဖြင့် သွားရောက်ကစားနေစဉ် အတွင်း ပြိုင်ပွဲစုံတွင် သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူ၍ ခြေစွမ်း ပြသနိုင်ခဲ့သောကြောင့် အာဆင် နယ်အသင်း တာဝန်ရှိသူများက သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် ကမ်းလှမ်းခဲ့ရာ ကစားသမား အနေဖြင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး ဘာလိုဂန် သည် အာဆင်နယ်အသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင် ခွင့်ရရှိရန် မျှော်မှန်းထားပြီး လက်ရှိတွင် တိုက်စစ်မှူး ဂျီးဆပ်၊ အန်ကီတီယာတို့နှင့် ပွဲထွက်ခွင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဘာလိုဂန်က အသင်းအနေဖြင့် လာမည့် နွေရာသီတွင် အငှား စာချုပ်ဖြင့် ထပ်မံစေလွှတ်မည် ကို စိုးရိမ်သောကြောင့် စာချုပ် သစ်ကိစ္စကို ဆက်လက်ဆွေးနွေး ရန် ဆန္ဒမရှိကြောင်း ပြောကြား ခဲ့သည်။                           

သူရိန်







အခြားဆက်စပ်သတင်းများ