ဧပြီ ၁၂
မန်ယူအသင်း အဓိက တိုက် စစ်မှူး ရက်ရှ်ဖို့ဒ်သည် ပေါင် ဒဏ်ရာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ် ကစားမည့် ဆီဗီလာအသင်းနှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
ယခုနှစ် ဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ အကောင်း ဆုံး ခြေစွမ်းပြသလျက်ရှိနေ သည့် ရက်ရှ်ဖို့ဒ်သည် မန်ယူ အသင်းက အဲဗာတန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည့်ပွဲစဉ်တွင် ပွဲကစားချိန် ၈၁ မိနစ်၌ ပေါင်ဒဏ်ရာ ရရှိခဲ့ကာ လူစားလဲ ထွက်ခွာခဲ့ရခြင်းဖြစ် သည်။
ရက်ရှ်ဖို့ဒ်၏ ပေါင်ဒဏ်ရာ မှာ ပြင်းထန်ခြင်းမရှိသော်လည်း ရက်အနည်းငယ် အနားယူရန် လိုအပ်နေသည့်အတွက် ဆီဗီလာ အသင်းနှင့် ကစားမည့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး နော်တင်ဟမ် အသင်းနှင့် ကစားမည့် ပွဲစဉ် မှသာ ပြန်လည်ကစားစေရန် ဆေးအဖွဲ့က ညွှန်ကြားထားခြင်း ဖြစ်သည်။
သူရိန်