နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Estoril Open တင်းနစ်ပြိုင်ပွဲမှ ဝေါ်ရင်ကာ

နုတ်ထွက် 

မတ်   ၂၅

ဆွစ်ဇာလန်အဆင့် ၁ တင်းနစ် ကစားသမား ဝေါ်ရင် ကာက ပေါ်တူဂီနိုင်ငံ၌ ကျင်းပ မည့် Estoril Open တင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင် တော့မည် မဟုတ်ကြောင်း ထုတ် ပြန်ခဲ့သည်။

Estoril Open တင်းနစ် ပြိုင်ပွဲသည် ယခုနှစ် မြေစေးကွင်း ပြိုင်ပွဲရာသီ၏ ပထမဆုံးသော ပြိုင်ပွဲဖြစ်ပြီး ဝေါ်ရင်ကာက ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကံမကောင်းစွာနဲ့ Estoril Open တင်းနစ်ပြိုင်ပွဲမှာ ကျွန်တော် ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာရှိနေတဲ့အတွက် ပြိုင်ပွဲဝင်ဖို့ အဆင်မပြေတော့ ပါဘူး။ ကျွန်တော့်ကို ဖိတ်ကြား ပေးခဲ့တဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီကို ကျေးဇူးတင်ပါ တယ်။ နောက်နှစ်တော့ သေချာ ပေါက် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဝေါ်ရင်ကာ က ပြောသည်။

Estoril Open တင်းနစ်ပြိုင်ပွဲ ကို ဧပြီ ၃ ရက်တွင် စတင်ကျင်းပ သွားမည်ဖြစ်သည်။           

သူရိန်






အခြားဆက်စပ်သတင်းများ