နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီ အသင်းမှ ထွက်ခွာမည်

မတ်   ၂၅

လိုင်ယွန်အသင်းသည် တိုက်စစ်မှူး ဒမ်ဘီလီနှင့်စာချုပ် သက်တမ်းကုန်ဆုံးမည် ဖြစ် သောကြောင့် ကစားသမားအနေ ဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒမ်ဘီလီသည် ၂၀၁၈ ခုနှစ်က ဆဲလ်တစ်အသင်းမှ စတာလင်ပေါင် သန်း ၂၀ ဖြင့် လိုင်ယွန်အသင်းသို့ ငါးနှစ်စာချုပ် ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၉ ပွဲတွင် သွင်းဂိုး ၇၀ ထိ သွင်းယူနိုင်ခဲ့သော်လည်း ၎င်း အနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသင်း၌ ဆက်လက်ကစားရန် ဆန္ဒမရှိ တော့ခြင်းကြောင့် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် ပြင်ဆင် နေခြင်းဖြစ်သည်။

လက်ရှိတွင် တိုက်စစ်မှူး ဒမ်ဘီလီကို ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သည့် အဲဗာတန်အသင်း၊ ဆောက် သမ်တန်အသင်း၊ မန်ယူအသင်း၊ စပါးအသင်းနှင့် စပိန်ကလပ် ဘာစီလိုနာအသင်းတို့က ခေါ်ယူ ရန် ကြိုးပမ်းနေသည်။     

သူရိန်






အခြားဆက်စပ်သတင်းများ