နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားဥပဒေစိုးမိုးမှုဆိုင်ရာ သတင်းထုတ်လုပ်ရေးပံ့ပိုးမှု အစီအစဉ်အတွက် သတင်းသမားများ ဖိတ်ခေါ်

ရန်ကုန် ဇွန် ၂၀


 USAID ၏ Promoting the Rule of Law in Myanmar- PRLM စီမံချက်မှ တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးနှင့်စပ်ဆိုင်သော ထဲထဲဝင်ဝင်သတင်းရေးသားထုတ်လုပ်ခြင်း (In-depth story) ပံ့ပိုးမှုအစီအစဉ်တွင် သတင်းသမားများပါဝင် လျှောက်ထားနိုင်ရန် ဖိတ်ခေါ်နေကြောင်း သိရသည်။ 

အဆိုပါ အစီအစဉ်အောက်တွင်တရားဥပဒေစိုးမိုးမှုနှင့်သက်ဆိုင်သော အကြောင်းအရာ အားလုံး အကျုံးဝင်ပါသည်။ ဥပမာအားဖြင့် အဂတိလိုက်စားမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်းအရာများ၊ ဥပဒေ ဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှုအခြေအနေ၊ တရားဥပဒေစိုးမိုးမှုနှင့်စပ်ဆိုင်သောဥပဒေ၊ လုပ်ထုံး လုပ်နည်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များစသည်ဖြင့် တရားဥပဒေစိုးမိုးရေး နှင့်စပ်ဆိုင်သည့်  အကြောင်းအရာများကို သတင်းများထုတ်လုပ်ရေးသားနိုင်မည်ဖြစ်သည်။  


In-depth သတင်းဆောင်းပါးများထုတ်လုပ်ရာတွင် သတင်းသမားများအနေဖြင့် မိမိနှစ်သက်ရာ ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံနှင့် အွန်လိုင်းမီဒီယာတို့ကို အသုံးပြု ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

အဆိုပါ ပံ့ပိုးမှုအစီအစဉ်အရ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများကို ထဲထဲဝင်ဝင် သတင်းဆောင်းပါးများ ရေးသားထုတ်လုပ်နိုင်ရန် Internews မှ စာနယ်ဇင်းသင်တန်းဆရာများက လိုအပ်သလို mentor လုပ်ပေးသွားမည်ဖြစ်ပြီး သတင်းထုတ်လုပ်ရန်အတွက် တိုက်ရိုက်ကုန်ကျ စရိတ်များကိုလည်းပံ့ပိုးပေးသွားမည်ဖြစ်ကာ အဆိုပြုလွှာတစ်ခုအတွက် အများဆုံး  ပံ့ပိုးငွေမှာ ကျပ် ၁၀ သိန်း (၁,ဝ၀ဝ,ဝ၀ဝ) ဖြစ်ပါသည်။ သတင်းသမားများဘက်မှ In-depth story တစ်ပုဒ်အနည်းဆုံးထုတ်လုပ်ပြီး သက်ဆိုင်ရာ မီဒီယာတွင် ထည့်သွင်း ဖော်ပြပေးရန် လိုကြောင်း သိရသည်။


အစီအစဉ်တွင် သတင်းသမားတစ်ဦးအနေဖြင့်သော်လည်းကောင်း၊ သတင်းသမားများ စုပေါင်း၍ သော်လည်းကောင်း ပါဝင်ရန်အဆိုပြုနိုင်ပြီး သတင်းထောက်တစ်ဦးသည် အဆိုပြုလွှာတစ်ခုကိုသာ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

 ရွေးချယ်ခံရသောသတင်းသမားများအနေဖြင့် သဘောတူစာချုပ်စတင်ချုပ်ဆိုသည့်နေ့မှ (၂) လ အတွင်းသတ်မှတ်ထားသောသတင်းဆောင်းပါး(ပုံနှိပ်၊ ရုပ်သံ၊ ရေဒီယို၊ အွန်လိုင်း မိမိနှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်သည်။)ကိုမိမိတို့အဆိုပြုထားသည့်မီဒီယာများတွင်အပြီးသတ် ဖော်ပြ၊ ထုတ်လွှင့်‌ပေးရမည်ဖြစ်သည်။ 

ရွေးချယ်ခံရသောသတင်းသမားများကို Internews မှ  စာနယ်ဇင်းပညာသင်တန်းဆရာများက ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကာ အဆိုပြုလျှောက်လွှာများကို internews.prlm@gmail.com သို့ ဇွန်လ ၁၉ ရက် မှ ဇူလိုင်လ ၃ ရက်နေ့ထိ ရုံးချိန်ကုန်ဆုံးသည်အထိ နောက်ဆုံးထားပေးပို့နိုင်မည်ဖြစ်သည်။ 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ