နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ်  ၂၅

လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အ.ထ.က ၂ ကျောင်းအင်အား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့် အမှတ် ၁၀ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အ.ထ.က ၂ ကျောင်းဝင်းအတွင်း သစ်ရွက်ကြွေများ၊ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်း သိမ်းဆည်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ပေးခြင်း၊ ရေမြောင်းအတွင်း အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြသည်။(ပုံ)    မလတ်






အခြားဆက်စပ်သတင်းများ