နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်ပြင်ဆင်မှု

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ပြင်ပရှိ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခြင်းကြောင့် လူ ၁၃ ဦးထက် မနည်း သေဆုံး ပြီး လူ ၂၀၀ ကျော် ဒဏ်ရာရရှိထားကြောင်း ငလျင်တုန်ခါမှုဒဏ်ကို အိန္ဒိယ၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ အာဖဂန်နစ္စတန်နှင့်      တာ့ခ်မင်နစ္စတန်နိုင်ငံများတွင်လည်း ခံစားကြရသည်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း၌ မတ် ၂၄ ရက်က ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့တော်တွင် သဲမုန်တိုင်းများ ကြုံတွေ့ရပြီး မတ် ၂၃ ရက်ကစ၍ အဝါရောင်အဆင့် သဲမုန်တိုင်း သတိပေးချက်ထုတ်ပြန် ထားသည်။ အိန္ဒိယနိုင်ငံအနှံ့အပြားတွင် မတ် ၂၀ ရက်က အချိန်အခါ မဟုတ် မိုးရွာသွန်းမှုနှင့် မိုးသီးမုန်တိုင်းများ တိုက်ခတ်ခြင်းကြောင့် စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ပျက်စီးသွားခဲ့သည်။

မတ်လ ၂၃ ရက်က အာဖဂန်နစ္စတန် မြောက်ပိုင်း၌ မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုတို့ကြောင့် နေအိမ်နှင့် လယ်ယာ မြေများ ပျက်စီးခဲ့ရကာ လာမည့်ရက်များအတွင်း အာဖဂန်နစ္စတန် နိုင်ငံရှိ ပြည်နယ် ၃၄ ခုအနက် ၂၀ တွင် မိုးရွာသွန်းမှုနှင့် ရေကြီးမှု များ ဖြစ်ပေါ်နိုင်သည်ဟု အာဖဂန်နစ္စတန် မိုးလေဝသဌာနက ခန့်မှန်းထားသည်။

သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးဒဏ်များ ခံစားရလေ့ရှိသည်။

မြေငလျင်လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့် သည်။ 

မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းအားကောင်းခြင်းကြောင့် လည်းကောင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း၊ အချိန် အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုထားသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စက်ဝန်းပါဖြစ်နိုင်ချေ လျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင် ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ရပေသည်။  






အခြားဆက်စပ်သတင်းများ