နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၄ ခြေစစ်ပွဲတွင် အင်္ဂလန်အသင်း အီတလီကို အနိုင်ရ

မတ်   ၂၄

ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် အုပ်စု C ၏ ပွဲစဉ်တစ်ပွဲအဖြစ် အီတလီအသင်း နှင့် အင်္ဂလန်အသင်းတို့ ယနေ့ နံနက် အစောပိုင်းက Stadio Diego Armando Maradona ကွင်း၌ ယှဉ်ပြိုင်ကစားရာ အင်္ဂလန်အသင်းက အီတလီအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် အင်္ဂလန်အသင်း၏ ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး အခွင့် အရေးများစွာ ဖန်တီးနိုင်ခဲ့သည်။ အီတလီ အသင်းက အင်္ဂလန်တိုက်စစ်ကို ကာကွယ်ရင်း အချိန်ကုန်နေကာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၁၃ မိနစ်တွင် ဒီကလန် ရိုက်စ်က သွင်းယူပေးခဲ့ပြီး ဒုတိယ မြောက်ဂိုးကို ၄၄ မိနစ်တွင် ပင်နယ်တီက တစ်ဆင့် ဟာရီကိန်းက သွင်းယူပေးခဲ့ သည်။

ဒုတိယပိုင်းတွင် အီတလီအသင်း အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့ပြီး ၅၆ မိနစ်တွင် ရီတီဂူ၏ သွင်းဂိုးဖြင့် ချေပဂိုး တစ်ဂိုးရရှိခဲ့သည်။ ထို့နောက် ပွဲကပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ၈၀ မိနစ်တွင် အင်္ဂလန်အသင်းခံစစ်ကစား သမား လုခ်ရှောနှစ်ဝါတစ်နီဖြင့် ထုတ် ပယ်ခံခဲ့ရသည်။ လက်ကျန် မိနစ်များ တွင် တစ်ယောက်လျော့နေသည့် အင်္ဂလန်အသင်းကို အီတလီအသင်း ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီး ဆုံးခဲ့သည်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု C တွင် အင်္ဂလန်အသင်းနှင့် အီတလီအသင်း တို့သည် ယူကရိန်း၊ မြောက်မက်ဆီဒိုးနီး ယား၊ မော်လ်တာအသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ 

သူရိန်







အခြားဆက်စပ်သတင်းများ