နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုဆီမန်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ပူလီဆစ်ကို အလိုက်ပေးကမ်းလှမ်းမည်

မတ်   ၂၄

ချဲလ်ဆီးအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် နာပိုလီအသင်းမှ တိုက်စစ် ကစားသမား အိုဆီမန်ကို ခေါ်ယူရန် အသင်းမှ တောင်ပံကစားသမား ပူလီ ဆစ်ကို အလိုက်ပေးကမ်း လှမ်းရန် ပြင်ဆင်လျက်ရှိသည်။

ချဲလ်ဆီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပိုင်ရှင်သစ် တော့ ဘိုလီ လက်ထက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀၀ ကျော် အသုံး ပြုပြီး ကစားသမားသစ်များ ခေါ်ယူ အင်အားဖြည့်တင်းထားသော်လည်း လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ် ပိုင်းအတွက် အိုဆီမန်ကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အိုဆီမန်သည် ယခုနှစ် ဘောလုံး ရာသီတွင် နာပိုလီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသလျက်ရှိပြီး ပြိုင်ပွဲစုံ ၂၉ ပွဲတွင် ၂၅ ဂိုးထိ သွင်းယူထားသူဖြစ်သည်။

ယင်းကို ချဲလ်ဆီးအသင်းအပြင် မန်ယူအသင်းကလည်းခေါ်ယူရန် ပစ်မှတ်ထားနေသည့်အတွက်ချဲလ်ဆီး အသင်းက လက်ဦးမှုရယူလိုသော ကြောင့် နာပိုလီအသင်း စိတ်ကျေနပ် စေရန် ပြောင်းရွှေ့ကြေးအပြင် ပူလီဆစ် ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။    

သူရိန်







အခြားဆက်စပ်သတင်းများ