ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေး ကြိုတင်ကာကွယ်ရေး သတိပေးလုပ်ငန်းများ၊ ပြည်သူများ သိရှိစေ ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်း သော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်များအရ သိရသည်။
မတ် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံ ၄၇ ရပ်ကွက်၊ ပိတောက်ရွှေဝါ ၃ လမ်းတွင် ည ၉ နာရီခွဲခန့်ကလည်း ကောင်း၊ ညနေ ၅ နာရီ ၅၄ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်အနီး၊ သရက်ခြံ ကျေးရွာတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် ၃၈ လမ်း (၈၀ x ၈၁) လမ်းကြားတွင်လည်း ကောင်း၊ မတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ သည်။
ယခုအခါ ရန်ကုန်မြို့တော်တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများ လေဝင်၊ လေထွက် ကောင်းမွန်အောင် စီမံဆောင်ရွက်ထားသင့်သည်။ အထပ်မြင့်အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက မီးခိုးမွှန်၍ သေဆုံးမှုများဖြစ်ပေါ်ရာ လေကာများအား အလုံပိတ် ထားခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်သည်။
မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများက ကရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
မီးဘေးအန္တရာယ်ကို ပြည်သူများ သတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသော်လည်း ပြည်သူများ လိုက်နာမှုအားနည်းကြောင်း တွေ့ရ သည်။
မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင် လျှင် မီးလောင်ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက် အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ် ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျှင်အမြန် မီးငြှိမ်းသတ်နိုင် ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
မီးကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွား စေရန် မီးသုံးစွဲသူအားလုံးက ဂရုပြု၊ လိုက်နာခြင်းဖြင့် ကြိုတင် ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။ ။