နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေမုယင်းဒေသကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကော်မတီဝင်ဦးအောင်နိုင် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၂၃

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ကော် မတီဝင် ဦးအောင်နိုင်နှင့် တာဝန်ရှိသူများသည်  ယနေ့ နံနက် ၁၀ နာရီက တွံတေး မြို့နယ် ခရမ်းဝရွာသို့သွား ရောက်၍ ခရမ်းဝရွာနှင့် ကင်းရွာသွားလမ်းသို့ ဆက် သွယ်သည့် အရှည် ၃၀ ပေ၊ အကျယ် ၂၄ ပေရှိ ခရမ်းဝ ချောင်းကူးတံတား တည် ဆောက်ပြီးစီးမှုနှင့် ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကဖောက်လုပ်ခင်းကျင်းခဲ့သည့် ခရမ်းဝ-ရေတွင်း ကုန်းမြေသား လမ်းနှင့်ဆက်စပ်၍ ခရမ်းဝ ရွာမှကွင်းပေါက်ရွာအထိ အရှည် ၄ ဒသမ ၀၂၈ မိုင် မြေသား လမ်းကို အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) က အောက်ခံထု ၆ လက်မ အပေါ်ထု ၈ လက်မ ဖြင့် ကွန်ကရစ်ခင်းကျင်းပြီးစီး သဖြင့် လမ်းတစ်လျှောက် သန့်ရှင်း သာယာရေး ဆောင်ရွက်နေမှု နှင့် အဆိုပါလမ်းသို့ဆက်သွယ် သည့် ရွာတွင်းလမ်းများပြုပြင်ခင်းကျင်းပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါလမ်းသည် တွံတေး မြို့နယ် ရွှေမုယင်းဒေသမှ ရန်ကုန်မြို့သို့ဆက်သွယ်သည့် ကုန်ထုတ်လမ်းမကြီးဖြစ်သဖြင့် ဒေသလူမှုစီးပွားရေး အဆင်ပြေ စေရန် ဖောက်လုပ်ပေးခြင်းဖြစ် ကြောင်း သိရသည်။

ယဉ်မွန်







အခြားဆက်စပ်သတင်းများ