နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီ က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်၊ အမှတ် ၇ မြို့ပတ်လမ်း ရှိ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးစီမံကိန်း ရှင်းလင်း ဆောင်၌ ကျင်းပရာ ပြည်သူ့ အငှားအိမ်ရာ  တည်ဆောက် ရေးဦးစီးကော်မတီ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ အငှားအိမ်ရာစီမံကိန်းကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်  ဦးဗိုလ်ဌေး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သက် ဆိုင် ရာဌာန အသီးသီးက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင် ရ ကန်ထရိုက်တာများ  အသင်း ချုပ် (MLCA) နှင့် ဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော် ဝန်က “ယခုလကုန်ပြီးစီးမည့် အဆောက်အဦ ၁၂၁ လုံးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ များ စနစ်တကျနေရာချထား ပေးမည်ဖြစ်သဖြင့် လိုအပ် သည့် အခြေခံအဆောက်အအုံ များ၊ ပြည့်စုံအောင် ဆောင်ရွက် ထားရှိရန်နှင့် စီမံကိန်း ပထမ ဆင့် လျာထားချက်တွင်ကျန်ရှိ သည့် အဆောက်အဦ ၇၃ လုံးကိုလည်း အမြန်ဆုံးပြီးစီး အောင် တည်ဆောက်သွားကြ ရန်” တိုက်တွန်းမှာကြားသည်။

ထို့နောက် စီမံကိန်းကြီးကြပ် ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြား ရေးမှူး ဒေါ်အေးအေးမွန်က စီမံကိန်းပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၊ အင်ဂျင်နီ ယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ဆည်းမြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လမ်း ဦးစီးဌာန၊ MCEF နှင့် MLCA တို့က စီမံကိန်းဆောင်ရွက်မှု  အခြေအနေများကိုတင်ပြရာ ရန်ကုန်မြို့တော်ဝန်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရန်ကုန် မြို့တော်ဝန်သည် စီမံကိန်းဝင်း အတွင်း 66/11 KV ဓာတ်အား ခွဲရုံ တည်ဆောက်နေမှု၊ ဂါလန် ၁၇၀၀၀၀ ဆံ့ မြေအောက် ရေလှောင်ကန် ခြောက်လုံး တည်ဆောက်ပြီးစီးမှု၊ စီမံကိန်း ဝင်းအတွင်း လမ်း၊ အုတ်ရေ မြောင်းများ တည်ဆောက်နေမှု နှင့် တည်ဆောက်ဆဲအဆောက် အဦများ လိုက်လံကြည့်ရှု စစ်ဆေးပြီး           လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ယခု တည်ဆောက်လျက်ရှိ သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာ တည် ဆောက်ရေး စီမံကိန်းပထမ ဆင့်တွင် အဆောက်အဦ  ၁၉၄ လုံး၊ အိမ်ခန်းပေါင်း  ၃၁၀၄ ခန်း ပါဝင်ပြီး ယခုအထိတည် ဆောက်ပြီးအဆောက်အဦ ၉၅ လုံး၊ M & E နှင့် ဆေးသုတ်ပြီး အဆောက်အဦ ၁၁ လုံး၊ အုတ်စီ၊ ပလာစတာချော၊ မျက်နှာ ကြက်၊ ပြတင်းတံခါးလုပ်ငန်း ဆောင်ရွက်ပြီးအဆောက်အဦ  ၁၈ လုံး၊ အမိုးမိုးပြီး အဆောက် အဦ  ၂၅ လုံး၊ ဒုတိယထပ် Slab လောင်းပြီး အဆောက်အဦ  ၃၉ လုံး၊ မြေညီထပ် Column လုပ်ငန်းဆောင်ရွက်ပြီး အဆောက် အဦ ခြောက်လုံးရှိကြောင်း၊ ယခု လကုန်တွင် MCEF မှ တည်ဆောက်သည့် အဆောက် အဦ ၇၄ လုံး၊ MLCA က တည်ဆောက်သည့် အဆောက်အဦ ၄၇ လုံး၊ စုစု ပေါင်း အဆောက်အဦ ၁၂၁ လုံးပြီးစီးရန် ရည်မှန်းထား ပြီး ပြည်သူများနေရာချထား နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ