မတ် ၂၃
ရီးရဲလ်မက်ဒရစ်အသင်းနှင့် အာဆင်နယ်အသင်း ကစား သမားဟောင်း အိုဇေးလ်သည် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
အိုဇေးလ်သည် ရှော်လ်ကေး အသင်း အကယ်ဒမီထွက်ကစား သမားတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဝါဒါဘရီမင်အသင်း၊ ၂၀၁၀ ပြည့်နှစ်က ရီးရဲလ်မက် ဒရစ်အသင်း၊ ၂၀၁၃ ခုနှစ်က အာဆင်နယ်အသင်းနှင့်၂၀၂၀ ပြည့်နှစ်က ဖီနာဘာချီအသင်း တို့တွင် ကစားခဲ့ကာ ပြီးခဲ့သည့် နွေရာသီက လက်ရှိကလပ် ဘာရှက်ဆီဟီ အသင်းသို့တစ်နှစ် စာချုပ်ဖြင့် ရောက်ရှိခဲ့သူဖြစ် သည်။
အသက် ၃၄ နှစ်အရွယ်ရှိ အိုဇေးလ်သည် ၂၀၁၄ ကမ္ဘာ့ ဖလား ချန်ပီယံဂျာမနီအသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ် ပြီး လက်ရွေးစင်အသင်းအတွက် ၉၂ ပွဲကစားကာ ၂၃ ဂိုး သွင်းယူ ခဲ့ပြီး ၂၀၁၈ ခုနှစ်က ဝေဖန်မှု များကြောင့် လက်ရွေးစင် ကစား သမားဘဝမှ အနားယူခဲ့ကာ ယခုအခါတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူခဲ့ ခြင်းဖြစ်သည်။
အိုဇေးလ်သည် ကစားသမား သက်တမ်းတစ်လျှောက် ၁၈ နှစ်တာ ကာလအတွင်း ကလပ် အသင်းပွဲပေါင်း ၆၀၅ ပွဲ ကစား ကာ ၉၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဆုဖလား ကိုးလုံးဆွတ်ခူးနိုင်ခဲ့ ကြောင်း သိရသည်။
သူရိန်