မတ် ၂၃
ပဲလေ့စ်အသင်းက လစ်လပ် နေသည့် နည်းပြရာထူးအတွက် ဝါရင့်နည်းပြကြီး ရွိုင်းဟော့ ဆန်ကို ယခုနှစ် ဘောလုံးရာသီ ကုန်အထိ ကာလတိုစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပဲလေ့စ်အသင်းသည်ရလဒ် များ ဆက်တိုက်ဆိုးရွားနေပြီး ယခုနှစ်အတွင်း နိုင်ပွဲတစ်ပွဲမှ ရရှိခဲ့ခြင်းမရှိဘဲ လေးပွဲဆက် ရှုံးနိမ့်ခဲ့သည့်အတွက် နည်းပြ ဗီအဲရာကို ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ထုတ်ပယ်ခဲ့ပြီး ယခုအခါ နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို ပြန်လည် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၅ နှစ်အရွယ်ရှိ နည်းပြ ရွိုင်းဟော့ဆန်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အတွေ့အကြုံရှိသည့် နည်းပြ တစ်ဦးဖြစ်ပြီး ပဲလေ့စ်အသင်း ကိုလည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိတာဝန် ယူ ကိုင်တွယ်ခဲ့သူဖြစ်ကာ ၎င်း တာဝန်ယူနေသည့် အချိန်တွင် အသင်းအား ပုံစံကောင်းတစ်ရပ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။
သူရိန်