ဝန်းသို ဇွန် ၂၀
မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခတ်ခြင်းများ မကြာ ခဏဖြစ်ပွားနေသည့်အတွက် ပြည်သူများ မိုးကြိုးဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက် နံနက် ၇ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေး၌ မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့စဉ်။
ကျော်မြိုင်