နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် မတ် ၂၁ ရက်က ပဲခူးမြို့  ခုတင်  ၅၀၀  အထွေထွေရောဂါကု        ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း  ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်း ဖြင့် ကျန်းမာအသက်ရှည်နေထိုင်နိုင်ရေး တိုင်းဒေသကြီးအစိုးရ၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီ ပါဝင်မှုဖြင့် လစဉ် ၂၁ ရက်တိုင်း တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်ကို သိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆို ရပေသည်။ ပင်စင်အငြိမ်းစားလစာ ၃၀၀၀၀ ခန့်သာ ရသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အဟောသိကံ ကံကောင်းပေစွဟု မုဒိတာ ပွားရပေသည်။

ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာ လျက်ရှိပေသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာ သည့်အဆုံးရောက်မှသာ ဆေးရုံ၊ ဆေးခန်းသွားကြရသည်။ နိုင်ငံ့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးဝါးကုသပေးခြင်းကို ကြိုဆို လျက်ရှိသည်။ 

ဆေးဝါးများလှူဒါန်းခြင်း၊ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ဟောပြောပို့ချခြင်းတို့သည် ဆေးအလှူများဖြစ်ပေသည်။ ဆေး လှူဒါန်းခြင်းအလုပ်သည် အမွန်မြတ်ဆုံးအလုပ်၊ အမွန်မြတ်ဆုံးဒါန ဖြစ်သည်။ လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ လူတွင် ကျန်းမာရေးထက် အရေးကြီးသောအရာ မရှိနိုင် ပါ။ 

လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် အထူးကျန်းမာရေး စောင့်ရှောက်ပေးမှုအစီအစဉ်ကို ပြည်နယ်၊ တိုင်းဒေသကြီးများတွင် လည်း ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့စေချင်သည်။ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာစွာ အသက်ရှည်နေထိုင်ရေး နှင့် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်လာစေရန်  အခမဲ့ဆေးဝါးကုသမှုများ၊ ဆေးအလှူများကို တိုးမြှင့်ဆောင်ရွက် စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပေသည်။       ။







အခြားဆက်စပ်သတင်းများ