မတ် ၂၂
ချဲလ်ဆီးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် မေဆင်မောင့်က အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် အေးဂျင့် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အေးဂျင့်သစ်အဖြစ် နေးဖျူး ဝင်းစ်ကို ငှားရမ်းခဲ့ကြောင်း သိရ သည်။
မေဆင်မောင့်သည် ချဲလ်ဆီး အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝ အစောပိုင်း တွင် ဘီတက်ဆီအသင်းနှင့် ဒါဘီအသင်းတို့တွင် သွားရောက် ကစားခဲ့ပြီး နောက် ၂၀၁၉ ခုနှစ် က အသင်းနှင့် ပြန်လည်ပူးပေါင်း ခဲ့သူဖြစ်သည်။
ယင်းသည် ချဲလ်ဆီးအသင်း တွင် နည်းပြဟောင်းများဖြစ် သည့် လမ်းပတ်နှင့် တူချယ်တို့ လက်ထက်တွင် အဓိက ကွင်း လယ် ကစားသမားအဖြစ်ပါဝင် ခွင့် ရရှိခဲ့သော်လည်း လက်ရှိ နည်းပြပေါ်တာ လက်အောက် တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ဘဲ လူစားဝင်ကစားသမား အဖြစ် သာ ပါဝင်နေရသည့်အတွက် အသင်းနှင့်လမ်းခွဲရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းနှင့် မေဆင် မောင့်တို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ကစားသမားကိုယ်တိုင်က စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန် ထားသကဲ့သို့ အသင်းကလည်း အလွတ် ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်ရရေးလာမည့် နွေရာသီကစားသမား အပြောင်း အရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။
သူရိန်