နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ပြန်လည်ဖွင့်လှစ်

ပုသိမ် ဇွန် ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် ကျောင်းတွင်  အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်လည်းကောင်း၊ အားလပ်ချိန်များမှာ မိမိအဝတ်အထည်ကို မိမိကိုယ်တိုင်စိတ်တိုင်းကျ ပုံဖော်ဝတ် ဆင်နိုင်ရန်အတွက်  အိမ်တွင်းမှုသင်တန်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် အကာအကွယ်အစီအမံများဖြင့် ဖွင့်လှစ်ရမည်ဖြစ်သောကြောင့် လူဦးရေကန့်သတ်ထားကြောင်း သိရသည်။ အဆိုပါ သင်တန်းကို  တနင်္လာ- သောကြာပုံမှန်သင်တန်းအဖြစ် ဇွန် ၂၂ ရက် မှ  ဇူလိုင် ၃၁ ရက်အထိလည်းကောင်း၊ စနေ-တနင်္ဂနွေ အထူးသင်တန်းအဖြစ်  ဇွန် ၂၇ ရက်မှ  သြဂုတ် ၁၅ အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


အောင်အောင်






အခြားဆက်စပ်သတင်းများ