နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူဒဏ်နှင့်ကျန်းမာရေး

နွေဦးရာသီတန်ခူးအချိန်ကာလသို့ရောက်ရှိလာမည်ဖြစ်သော် လည်း အပူဒဏ်ကိုကာကွယ်နိုင်ရန် အထူးအသိပြုဆင်ခြင်ကြရမည် ဖြစ်သည်။ နေ့အပူချိန်များမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်  မတ်လ၏ပျမ်းမျှအပူချိန်ထက်  သုံးဒီဂရီစင်တီဂရိတ်မှလေးဒီဂရီ စင်တီဂရိတ်အထိနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေ ကြီးတို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှ အပူချိန်ခန့်သာရှိကြောင်း ထူးခြားသည့်နေအပူချိန်များမှာ ချောက် မြို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့်ပြည်မြို့တွင်  ၃၉ ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ် ၈ ရက်က ထုတ်ပြန်ထားသည်။

အပူချိန်လွန်ကဲမှုကာလတွင် အထူးသတိပြုရမည်မှာ နေရောင် ခြည်အပူရှိန်နှင့်တွဲလျက်   ခရမ်းလွန်ရောင်ခြည်လွန်ကဲနေမှုကို သတိထားရမည်ဖြစ်သည်။ အပြင်ထွက်လျှင် အကာအကွယ်အရိပ် ရှာသွားကြရန်နှင့် အကာအကွယ်မပါဘဲ နေပူထဲသို့မထွက်ကြရန် လိုအပ်သည်။

 ခရမ်းလွန်ရောင်ခြည်သည် လူကိုအကျိုးပြုစေသည့် ဗီတာမင်ဒီ ဓာတ်ပါဝင်သော်လည်း အပူလွန်ကဲစွာဖြစ်ပေါ်ပါက အန္တရာယ်ဖြစ် စေသည်။ အဓိကအားဖြင့် အရေပြားကင်ဆာရောဂါကဲ့သို့ အရေပြား လောင်ခြင်း၊ခြောက်သွေ့အိုမင်းအရွယ်ကျခြင်း၊  ချွေးထွက်လွန်၍ အားအင်ကုန်ခန်းခြင်း၊ မျက်စိတိမ်စွဲခြင်း၊ သားသမီးမရနိုင်ခြင်းတို့ ဖြစ်စေပြီး သက်ကြီးရွယ်အိုများနှင့်သွေးတိုး၊ နှလုံးရောဂါရှိသူများ သတိထားရမည်ဖြစ်သည်။

 ခရမ်းလွန်ရောင်ခြည်မှကာကွယ်ရန်အတွက် ထီး၊ ဦးထုပ်ဆောင်း ခြင်း၊ နေ့လယ်ခင်းရေမချိုးခြင်း၊ အရက်သေစာမသောက်စားခြင်း၊ အဝတ်အစားလက်ရှည်၊ နေရောင်ကာမျက်မှန်တို့ကို အသုံးပြုခြင်းတို့ ဖြစ်သည်။

 နွေရာသီအပူဒဏ်ကြောင့် လူအများချွေးထွက်လွန်ခြင်း၊ ဆား ဓာတ်ရေဓာတ်လျော့နည်းခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းလွယ်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ အရေပြားကောင်းခြင်းစသည့် ရောဂါများဖြစ်ပွားတတ်သည်။

 ချွေးထွက်လွန်ပါက ရေနှင့်ဓာတ်အားဖြည့်တင်းရန်၊ ဓာတ်ဆား ရည်သောက်ရန်၊ ဆီချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ၊ ကလေး သူငယ်များနှင့်သက်ကြီးရွယ်အိုများ နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင်  နားနေရန်လိုအပ် သည်။ အပူဒဏ်မှကာကွယ်ရန် မိမိတို့၏ကျန်းမာရေးကို မိမိတို ကိုယ်တိုင်စောင့်ရှောက်ရန်လိုအပ်ရာ   သတိပြုဆင်ခြင်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ