မော်လမြိုင် ဇွန် ၂၀
မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်တရားရုံးများဆွေးနွေးပွဲကို ဇွန် ၁၉ ရက်က zoom meeting အသုံးပြု၍ ဆွေးနွေးခဲ့ကြပြီး လာမည့် ဇူလိုင် ၁ ရက်တွင်ပြုလုပ်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားရုံးများတွင်လည်း zoom meeting အသုံးပြု၍ ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးညီညီစိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ညိုမီစံ၊ ဒုတိယညွှန်ကြားရေး မှူး(CMPညှိနှိုင်းရေးမှူး)ဒေါ်မင်းသီတာဝေတို့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်း များကို လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်အောင်