နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားဟု တိုက်စစ်မှူး ဆာလာ ပြော

မတ်    ၁၉

လီဗာပူးအသင်း တိုက်စစ်မှူးဆာလာ သည် လာမည့်ဘောလုံးရာသီတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထား ကြောင်း ပြောကြားခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဆာလာ သည် လီဗာပူးအသင်း၏ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၅၀ဝ၀ဝ ဖြင့် စာချုပ် သစ်ကမ်းလှမ်းမှုကိုလက်ခံ၍ ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့သော် လည်း ၎င်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲ ၂၆ ပွဲတွင် ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့ကာ ပုံစံကောင်းရရှိရန် ရုန်းကန်နေရသည့် အပြင် အသင်းအနေဖြင့်လည်း အမှတ် ပေးဇယား အဆင့် ၆ သို့ ရောက်ရှိနေကာ လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်မသေချာ၍ အသင်းမှထွက်ခွာ ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် မာနေး ထွက်ခွာပြီးနောက်ပိုင်း တိုက်စစ်ပိုင်း ကျဆင်းခဲ့ကာ လက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဖာမီနို က လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဟုတရားဝင်ကြေညာပြီး နောက် ဆာလာအနေဖြင့်လည်း ဖာမီနို နည်းတူအသင်းမှထွက်ခွာရန် ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရသည်။   

သူရိန်







အခြားဆက်စပ်သတင်းများ