မတ် ၁၈
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှုအပြီးတွင် စပိန်ထိပ်သီးကလပ် ရီးရဲလ် မက်ဒရစ်အသင်းနှင့် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။
ရီးရဲလ်မက်ဒရစ်အသင်းသည် ၁၆ သင်းအဆင့်တွင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းကို နှစ်ကျော့စလုံးအနိုင်ယူကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်တွင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနှင့် ထပ်မံတွေ့ဆုံနေခြင်း ဖြစ်သည်။
ထို့ပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်၊ အေစီမီလန်နှင့် နာပိုလီ၊ ဘင်ဖီကာနှင့် အင်တာမီလန်အသင်းတို့ အသီးသီးတွေ့ဆုံ လျက်ရှိသည်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်များကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တွင်ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တွင်ကစားမည်ဖြစ်သည်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် မန်ယူနှင့် ဆီဗီလာ၊ ဂျူဗင်တပ်နှင့် စပို့တင်း၊ လေဗာကူဆင်နှင့် ဆန်လွိုက်ဆီး၊ ဖီယင်နုနှင့် ရိုးမားအသင်းတို့အသီးသီး တွေ့ဆုံလျက်ရှိပြီး ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်အဆင့်တွင် လက်ချ်ပေါ့နန် နှင့် ဖီအိုရင်တီးနား၊ KAA ဂျန့်နှင့် ဝက်စ်ဟမ်း၊ အန်ဒါလက်ချ်နှင့် အယ်လ်ခမာ၊ ဘေဆယ်နှင့် နိုက်စ်အသင်းတို့ အသီးသီးတွေ့ဆုံလျက်ရှိသည်။
ယူရိုပါလိဂ်နှင့် ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် များကို ဧပြီ ၁၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၂၀ ရက်တွင်ကစားမည်ဖြစ်သည်။
သူရိန်