နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် မနီလာအကြား Relief Flight များကို ဇွန် ၂၅ ရက်တွင် ပျံသန်းပြေးဆွဲမည်

ရန်ကုန်    ဇွန်  ၂၀


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)အနေနှင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက် ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တို့အကြား ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်(Relief Flight)များကို ဇွန် ၂၅ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မနီလာ၊ မနီလာ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ်ထား ခြင်းဖြစ်ပြီး မိမိတို့နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေ စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight) များကို ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ရန်ကုန်-မနီလာRelief Flight ကို ဇွန်  ၂၅ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မနီလာ-ရန်ကုန် Relief Flight မှာလည်း ဇွန် ၂၅ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့်အတူ မနီလာမြို့ရှိ မြန်မာသံရုံးနှင့် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံး တို့မှလည်းပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

ထို Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြု သူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊  ထို့အပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။        

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ