မတ် ၁၈
မန်ယူအသင်းသည် စီးရီးအေ ကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေသည့် ခံစစ်ကစားသမား လင်ဒီလော့ကို ပြောင်းရွှေ့ကြေး စတာ လင်ပေါင် ၃၁ သန်းရရှိပါက ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
လင်ဒီလော့သည် ပြီးခဲ့သည့်ဘောလုံး ရာသီက မန်ယူအသင်းတွင် ပုံမှန်ပွဲကစား ခွင့်ရရှိခဲ့သူဖြစ်သော်လည်း နည်းပြ တန်ဟက်လက်ထက်တွင် ဗာရန်းနှင့် မာတီနက်ဇ်တို့ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်း ပွဲကစားချိန်လျော့နည်းခဲ့ကာ ယခုနှစ် အမှတ်ပေးပြိုင်ပွဲတွင် ငါးပွဲသာပွဲထွက် ကစားခွင့်ရရှိခဲ့သည်။
ယင်းသည် မန်ယူအသင်းနှင့်လာမည့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ပါအချက် အလက်အရ တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေသော်လည်း မန်ယူအသင်းနည်းပြ တန်ဟက်က ဘဏ္ဍာရေးလိုအပ်ချက် အရ လင်ဒီလော့ကိုရောင်းချကာ ကစား သမားသစ်များထပ်မံခေါ်ယူရန်စီစဉ် နေခြင်းဖြစ်သည်။
အသက် ၂၈ နှစ်အရွယ်ရှိ လင်ဒီလော့ သည် ယခုနှစ် ဘောလုံးရာသီတွင် ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေသော် လည်း အင်တာမီလန်အသင်းကမန်ယူ အသင်းကအလိုရှိနေသည့် ပြောင်းရွှေ့ ကြေးဖြင့် ခံစစ်ကစားသမားကိုခေါ်ယူ ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
သူရိန်