မတ် ၂၁
လီဗာပူးအသင်း ကွင်းလယ် ကစားသမားဟောင်း လူးကပ်စ် သည် ဘရာဇီးကလပ် ဂရီမီအို အသင်းတွင် ကစားနေစဉ် နှလုံး ရောဂါကြောင့် ကစားသမားဘဝ မှ အနားယူရန် ဆုံးဖြတ်ခဲ့ ကြောင်း ကြေညာခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ လူးကပ်စ်သည် ၎င်း၏ ကစား သမားဘဝကို ၂၀၀၅ ခုနှစ်တွင် ဂရီမီအိုအသင်းနှင့် စတင်ခဲ့ ပြီးနောက် ၂၀၀၇ ခုနှစ်တွင် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ခဲ့ရာ ဘောလုံးရာသီ ၁၀ ရာသီ ကစားအပြီးတွင် စီးရီးအေ ကလပ် လာဇီယိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် မိခင်ကလပ် ဂရီမီအို အသင်းသို့ ပြန်လည်ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။
လူးကပ်စ်သည် ဂရီမီအို အသင်းတွင် ပြိုင်ပွဲစုံ ၁၇ ပွဲ၌ သွင်းဂိုး သုံးဂိုးသွင်းယူခဲ့ပြီး နောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လက နှလုံးရောဂါအခြေအနေ ကြောင့် ကာလရှည် အနားယူခဲ့ ရပြီး ယခုအခါ ကစားသမားဘဝ မှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူရိန်