နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အား သုံးရပ် တောင့်တင်းခိုင်မာစေရန် နိုင်ငံသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည်။ ယင်းသို့ တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်သည် ပညာရေးကဏ္ဍဖြစ်ပြီး ပညာရေးတွင်လည်း အခြေခံပညာရေးကဏ္ဍသည် အဓိကကျသည်။

လောက၌ အသိဉာဏ်ပညာပြည့်စုံသော သူတစ်ယောက်အနေ ဖြင့် အရာရာကိုချင့်ချိန်စဉ်းစား လုပ်ကိုင်တတ်ကြ၍ ကောင်းကျိုး စီးပွားအဖြာဖြာတို့ တိုးပွားလာကြ၏။

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျသည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာ အဆင့်မီ မြင့်မားတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတိုင်းကလည်း လူတိုင်းခေတ်နှင့်အညီ အမီလိုက်နိုင်စေရန်  အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိရာ မိမိတို့ကလည်း မိမိတို့နိုင်ငံ၏ ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော်ရမည် ဖြစ်သည်။ အသိဉာဏ်ပညာသည် အကောင်း၊ အဆိုးအကြောင်း၊ အကျိုးတို့ကိုဝေဖန်ပိုင်းခြား သိနိုင် စွမ်းပေသည်။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်၍ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော နိုင်ငံ၏အင်အားစုကြီးဖြစ်သည်။ စည်းကမ်း ကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုအင်အားများဖြင့် နိုင်ငံတော် ၏ လွတ်လပ်ရေးနှင့်  အချုပ်အခြာအာဏာတည်မြဲအောင် အစဉ်အဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော်တည်ဆောက်လျက်ရှိကာ    တပ်မတော်အင်အား တောင့်တင်းခိုင်မာသည်နှင့် အမျှ နိုင်ငံတော်လည်း အင်အား တောင့်တင်းခိုင်မာနေမည် ဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို  ထိပါးလာသည့်အန္တရာယ်များအား  ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေးဖြစ် သည်။ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် အန္တရာယ်များကို စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်အနေဖြင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ၊ နိုင်ငံတော်၏ အမျိုးသား  အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံတော် အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်း အလဲများကို ဆောင်ရွက်ပေးနိုင်သည့် အင်အားဖြစ်သည်။

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားများကို အကောင်အထည်ဖော်ဆောင်ရာတွင် တပ်မတော်အစဉ်အလာ ကောင်းများနှင့်အညီ တပ်မတော်အား တောင့်တင်းခိုင်မာလာ ‌အောင် ကြိုးပမ်းတည်ဆောက်ပြီး နိုင်ငံတော်အား တိုးတက် ကောင်းမွန်ရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ အောင် ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။  






အခြားဆက်စပ်သတင်းများ